+95 9 45042 7006
info@linn-construction.com
logo
  • HOME
  • OUR COMPANY
    • ABOUT US
    • TEAM MEMBER
    • COMPANY HISTORY
  • OUR SERVICES
  • OUR PROJECTS
  • ESTIMATE
  • ACTIVITIES
  • KNOWLEDGE CENTER
  • CONTACT US

We're on call 24/7

Operating Hours

Write To Us

Request With Online

Knowledge Center

မြေတူးခြင်းဆိုင်ရာများ

မြေတူးခြင်းဆိုင်ရာများ

2024-01-31 12:00:00 Admin

အဆောက်အအုံဆောက်လုပ်တဲ့အခါတိုင်းသိသင့်သော
မြေတူးခြင်းဆိုင်ရာများပဲဖြစ်ပါတယ်
မူရင်းဆရာများကိုကျေးဇူးအထူးတင်ပါတယ်
အုတ်မြစ်အနက် ဖောင်ဒီးရှင်း ဘယ်နှစ်ပေတူးရမလဲ?
ဆိုတော့ သိချင်ရင် အရင်တူးကြည့်ရပါမယ်၊ တူးကြည့်လို့ မြေအောက် နှစ်ပေ သုံးပေမှာ ရှိတဲ့ မြေကြီးရဲ့ ခံနိုင်ရည်ကို စမ်းသပ်ရပါမယ်။
သာမန်လူနေအိမ် တစ်ထပ်နှစ်ထပ်အတွက် မြေအောက် တစ်မီတာအနည်းဆုံး ၃ပေခွဲလောက်ရှိရမယ်လို့ သက်ဆိုင်ရာနိုင်ငံအလိုက် စံချိန်စံညွှန်းတွေက သတ်မှတ်ထားပါတယ်။
သေချာအောင်တော့ အဆောက်အဦကနေ လာမယ့် အလေးချိန်ဝန်မှန်သမျှကို တွက်ချက်ပြီး အုတ်မြစ်တစ်ခုချင်းစီကနေ ထမ်းရမယ့် ဝန်ပမာဏကို သိရှိထားရပါမယ်။ အဲ့ကနေ အုတ်မြစ်က မြေကြီးကို ဝန်ကူးပြောင်းတဲ့အခါ မြေကြီးက ထမ်းထားနိုင်မှ အဆင်ပြေမှာ လုံခြုံမှာ ဖြစ်တဲ့အတွက် မြေကြီးခံနိုင်တဲ့ ကောင်းတဲ့မြေ မာတဲ့မြေရအောင် ဒေသအလိုက် မြေအမျိုးအစားအလိုက် အတိမ်အနက်ကွာခြားသွားတာဖြစ်ပါတယ်။
ရှေ့ကပြောသလို အုတ်မြစ်တစ်ခုအနေနဲ့ သူထမ်းရတဲ့ ဝန်က ၁ တန်လောက်ရှိနေမယ်ဆိုရင် သူ့အောက်မှာရှိတဲ့ မြေကြီးကလည်း အနည်းဆုံး တစ်တန် တစ်တန်ခွဲလောက် ခုံခံတောင့်ခံနိုင်ဖို့ လိုအပ်မှာပဲ ဖြစ်ပါတယ်။
တကယ်လို့ မြေကြီးကို ၆ပေလောက်တူးတဲ့အခါမှာ
မြေရဲ့ ခံနိုင်ဝန်က ၁.၅ တန်လောက်ရှိနေမယ်ဆိုပါစို့။
Ultimate Soil Bearing Capcity ကို သိဖို့ဆိုရင် ပြန်ဖို့မယ့်မြေသားထုထည်၊ ကွန်ကရစ်ထုထည်‌တွေကို Allowable Soil bearing capacity 1.5 တန်ထဲကနေ ပြန်နုတ်လိုက်ရင် ရပါပြီ။
ယေဘုယျအားဖြင့် မြေအမျိုးအစားအလိုက် ခံနိုင်ဝန်တွေ သတ်မှာထားလေ့ရှိပြီး အပေါ်ယံမြေ(၆"-၉") ဖယ်ရှားလိုက်လို့ တွေ့ရတဲ့ မြေအမျိုးအစားအလိုက် ခံနိုင်ဝန်တွေ သိရှိနိုင်ပါသေးတယ်။
အဲ့ဒီဝန်ခံနိုင်ရည်တန်ဖိုးတွေကနေ အုတ်မြစ်အတိမ်အနက်ကို သတ်မှတ်ရပါတယ်။ ပြီးရင်တော့ အုတ်မြစ်အကျယ် Footing pad ကို depth ရဲ့
၁.၅ ဆ ထားပြီးရပါတယ်။ ဥပမာ အုတ်မြစ်ကို ၃ပေ ချမယ်ဆို footing pad အရွယ်အစားက အနည်းဆုံး ၄'-၀" - ၄ပေခွဲ ပတ်လည် ထားရှိရမှာပဲ ဖြစ်ပါတယ်။
ထန်ပီး

Latest posts

Construction knowledge
2021-10-01 12:00:00
Why Pay Attention to Sitework?
2021-10-01 12:00:00
How Water Affects Sitework?
2021-10-01 12:00:00
လှေခါးကို ဘယ်လို ဘယ်နှစ်ထစ် ထားရလဲ
2021-10-01 12:00:00
Slab သံဆင်ခြင်းလုပ်ငန်းဆိုင်ရာစစ်ဆေးခြင်း
2024-03-29 12:00:00
မြေတူးခြင်းဆိုင်ရာများ
2024-01-31 12:00:00

Home About Us Our Projects Our Services Our Activities Estimate Contact Us

CONTACTS



  • Bldg 3, Room No.8, 5th Street, 3Ward, South Okkalapa Township, Yangon.
  • info@linn-construction.com
  • kolinlinconstruction@gmail.com
  • 09-450 427 006
  • 09-792 083 650
  • 09-755 755 380

Quick Links



  • Home
  • About Us
  • Team Member
  • Company History
  • Our Services
  • Our Projects
  • Estimate
  • Activities
  • Knowledge Center
  • Contact Us

Facebook


Linn Construction Company @ 2021, All Rights Reserved. Design & Developed By KMail.